မလေးရှာမသွားပဲမလေးအစားအစာချက်စားချင်သူတွေအတွက်ပါ...အလွယ်ဆုံးနည်းနဲ့အိမ်မှာအဆင်ပြေစေပါတယ်......
၂ရောက်စာ
ကြာချိန် ၁၅မိနစ်
homemade nasi goreng belacan(ငပိထမင်းကြော်)အိမ်တွင်းချက်
အရင်ဆုံးငါးနီတူးလေးတွေကိုရေဆေးပြီးကြွတ်နေအောင်ကြော်ပါ
ပိုတဲ့ဆီနဲ့စိမ်းစားငါးပိ၃ဇွန်းကိုအိနေအောင်ကြော်ပေးပါ/မတူးစေပါနဲ့
(အလွယ်ဆုံးနည်းဖြစ်ပါတယ်)
ကဇွန်းရွက်၃ရိုးလောက်ကို၂လက်မလောက်စိတ်ထားပါ
ကြက်ဥ၂လုံး
ကြက်သွန်ဖြူ၃တက်(ဒါးပြားရိုက်)
ပုဇွန်/ကြက်သား/ပြည်ကြီးငါး(ကြိုက်ရာ)
ထမင်းပုဂံလုံး၂လုံးစာ
ကဲစကြော်ရအောင်.....
ပထမဆုံးဆီပူအောင်ကြော်ပြီးကြက်ဥကိုထည့်ပြီးအနှစ်အကာသမအောင်ကြော်ပါ/ကြက်သွန်ဖြူထဲ့ပါ
***ထမင်းကိုထည့်ပါ..ထမင်းစေ့မပျက်စေရန်ဖွဖွလေးခြေပြီးကြော်ပါ
***ကြော်ထားသောငပိကိုတဇွန်းခွဲလောက်ထည့်ပြီသမအောင်မွေပေးပြီးကြော်ပါ/ကြက်သားမှုန့်နှင့်ဆားထည့်ပါ(အရသာအတွက်)
***ကျက်လောက်တဲ့အနေအထားတွင်ကန်ဇွန်းများကိုထည့်ပြီးနွမ်းသည်အထိကြော်ပါ.....
ကန်စွန်းရွက်များနွမ်းလျှင်သုံးငါးခြော်ကြော်လေးများဖြူး၍သုံးဆောင်နိုင်ပါပြီ/sambal ဆော့နှင့်တွဲ၍သုံးဆောင်နိုင်ပါသည်

Additional: sambal pastလုပ်နည်း
ငရုက်သီးအပွခြောက်များကိုရေစိမ်ပြီးအစေ့ထုပ်ထား၍blanderထဲတွင်ဂျင်းကြက်သွန်နီ/ဖြူ/စပါးလင်အနည်းအငယ်ဖြင့်မကြေတကြေကြိတ်ပါ
ဆီခပ်မများတများဖြင့်မွေးလာသည်အထိကြော်ပါ...အနံ့ထွက်လာလျင် ကြက်သားမှုန့်သကြားထဲ့၍အရသာခပ်ပေးပါ...ပြီးလျင်သံပရာရေအနည်းအငယ်ညစ်၌ ချဉ်ဖြုံးဖြုံးနှင့်မစပ်တစပ်လေးဖြစ်အောင်အရသာယူပါ
ကျက်လျင်ငါးခြောက်သေးသေးလေးများထည့်၍ဆီပျံအောင်ကြော်ပေးပါ...ဆီအပေါ်တွင်ဝေ့လာလျင်အအေးခံ၍သုံးဆောင်နိုင်ပါပြီ

တရုပ်မှိုခြောက်အကြီး၃လုံးလောက်ကိုပဲငံပြာရည်/soy sos/ကြက်သွန်ဖြူနုတ်နုတ်စင်၃တက်လောက်ကိုသကြား/ကြက်သားမှုန့်နဲ့ဆီပသတ်ပြီးရေထဲ့ကြိုပေးပါ...ဆားနဲ့ငရုပ်ကောင်းသင့်ရုံ
ခေါက်ဆွဲကိုပြုတ်နူးအောင်ရေစစ်မုန်ညင်းနှခက်လောက်နဲ့sosထဲကမိုကိုပါးပါးလှီးပြီးဆော့မနည်းများနဲ့နယ်ပြီးစားနိုင်ပါပြီ

No comments:
Post a Comment