U Than Win added 3 new photos.
အခေါက်ကင် အသားကင်..
အရင်တုံးက အခေါက်ကင်ကို လုပ်ရတာခက်ပြီး ဆိုင်မှာဝယ်စားမှပဲ ရမှာလို့ ထင်ခဲ့ပါတယ်..တကယ်တော့ အရမ်းလွယ်ပါတယ်..ဟင်းချက်ရတာထက်တောင် သက်သာတဲ့အတွက်ရော အရမ်းကြိုက်လို့ရော မကြာခဏလုပ်စားဖြစ်ပါတယ်..
အရော ၁
1tsp ဆား, 1tsp သကြား, 1tsp 5 spice powder(တရုပ်မဆလာ), 1/2tsp ငရုပ်ကောင်း, 1tsp cooking wine
အားလုံးကို ခွက်တခု၌ ရောမွှေထားပါ..
အရော ၂
2tsp ဆား, 1 1/2tbls ရှာလကာရည်
ခွက်တခု၌ ရောမွှေထားပါ..
ဝက်သား၃ထပ်သား (belly) ကိုရေဆေးသန့်စင်ပြီး ခြောက်အောင် တစ်သျူးဖြင့် သုပ်ထားပါ..ထို့နောက် အခေါက်ဖက်ကို အောက်ခြေထားပြီး, အပေါ်ရှိ အသားပိုင်းကို အရော၁ ဖြင့်နှံ့အောင် လက်ဖြင့် စုတ်,နှိပ်၍ နှံ့အောင်နယ်ပါ..ပြီးခွက်(or) ပန်းကန်ထဲ၌ အသားပိုင်းကို အောက်ခြေထားပြီးထည့်ပါ..အခေါက်ကို တစ်သျူးနှင့် သန့်သွားအောင်သုပ်ပြစ်ပါ..ဓားဦးချွန်ထက်ထက်ဖြင့် အခေါက်ကို နေရာအနှံ့ ပေါက်ပေးပါ.. အဆီပိုင်းထိ မရောက်ပါစေနှင့်..ပြီး အရော၂ ကို အခေါက် တပြင်လုံး သုတ်လိမ်းပေးပါ..ရေခဲသေတ္တာထဲသို့ ထည့်ထားပြီး ၂နာရီ ၁ကြိမ်ခန့် ထုပ်၍ အခေါက်ကို ဓားဖြင့်ပေါက်, အရော၂ ကိုသုပ်လိမ်းခြင်းအား အရော၂ ကုန်သည်ထိ ပြုလုပ်ပေးပါ..ထို့နောက် ထိုဘူးကို ရေခဲသေတ္တာထဲ၌ ၁ည ထားပါ..
မနက်ကင်ခါနီးမှ ဘူးကိုထုပ်၍ ကင်မည့်ဗန်းတွင် အလူမီနီယံ foil ခံပြီး အသားကိုထည့်ပါ..ထို့နောက် ဆားများကို ပုံတွင်ပြထားသလို အခေါက်ပေါ်တင်ပါ.. နေရာနှံ့ပါစေ..
Oven အလယ်ဆင့်တွင် 250'c ဖြင့် 50min ခန့်ကင်ပါ..ပြီးလျှင် ကင်ဗန်းကို ထုပ်၍ အခေါက်ပေါ်မှ ဆားဂျိုးဖတ်များကိုဖယ်ပါ.. အဖတ်လိုက် ကွာလာပါတယ်.. အလူမီနီယံfoil အသစ်လဲပါ..ထို့နောက် 250'c ဖြင့် 15min ခန့်ကင်ပါ (oven ကိုဖွင့်ကြည့်ပြီး အပူချိန်များ၍ တူးနိုင်ပါက အပူချိန်ကို လျော့ချပေးပါ,)
ပြီးသွားပါက. Oven မှထုပ် အအေးခံပြီး ဓားမထက်ထက်ဖြင့် အနေတော်အတုံးများရအောင် တုံးပါ..
စားလိုက်လျင် တကြွတ်ကြွတ်ဖြင့် ကြွတ်ရွ မွှေးကြိုင်သော အခေါက်ကင် အသားကင်လေး ရပါပြီ..

No comments:
Post a Comment