Thursday, August 20, 2015

မျှစ်ပင်စိမ်းအစပ်ကြော်နည်း



မျှစ်ပင်စိမ်းအစပ်ကြော်နည်း
*********************
ပါဝင်ပစ္စည်းများ
************
၁။ မျှစ်ချို
၂။ ပုဇွန်ခြောက်
၃။ ကြက်သွန်ဖြူ
၎။ ကြက်သွန်နီ
၅။ ငရုတ်သီးအကြမ်းဖတ်
၆။ နနွင်းမှုန့်
၇။ ဟင်းခတ်မှုန့်
၈။ ဆား
၉။ ငံပြာရည်
၁၀။ ဆီ
၁၁။ ပင်စိမ်း
ပြင်ဆင်နည်း
**********
(၁) မျှစ်ချိုကိုဆားရေနဲ့ဆေးပါ။ ခဏပြုတ်ပြီးပထမတရေကို သွန်နောက်တရေထည့်ပြုတ်ပါ။မျှစ်နူးလျှင်အအေးခံပြီးမိမိ နှစ်သက်သလိုလှီးဖြတ်ပါ။
(၂) ပုဇွန်ခြောက်ကိုရေဆေးပြီးရေနွေးနဲ့စိမ်ထားပြီးလျှင်ရေ စစ်ထားပါ။
(၃) ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးအကြမ်းဖတ် ၊ ပုဇွန်ခြောက်တို့ကိုထောင်းထားပါ။
(၄) ပင်စိမ်းရွက်ကိုရေဆေးပြီးရေစစ်ထားပါ။
ချက်ပြုတ်နည်း
***********
အားလုံးပြင်ဆင်ပြီးလျှင်ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ် သီးအကြမ်းဖတ် ၊ ပုဇွန်ခြောက်တို့ထောင်းထားတာကိုနနွင်း မှုန့်နဲ့ဆီသတ်ပါနည်းနည်းနွမ်းလာပြီဆိုလျှင်မျှစ်ထည့်ဆား ၊ ငံပြာရည်အနည်းငယ်ဟင်းခတ်မှုန့်တို့ကိုထည့်ပြီးကြော်ပါအိုး ချခါနီးလျှင်ပင်စိမ်းလေးထည့်ပါ။ပူစပ်မွှေးအရသာလေးနဲ့ထ မင်းစားမြိန်စေတဲ့မျှစ်ပင်စိမ်းအစပ်ကြော်လေးကိုမိမိနှစ်သက် သလိုပြင်ဆင်တည်ခင်းပြီးစားသုံးလို့ရပါပြီရှင့်
ကျေးဇူးတင်ပါတယ်ရှင်

No comments:

Post a Comment