Monday, August 24, 2015

မာလာဟင်း ♡

မာလာဟင်း ♡
ပါဝင်ပစ္စည်း
*******
မာလာခေါက်ဆွဲအစုံ - တစ်ပွဲစာ
နှစ်သက်ရာအသီးအနှံ - လိုသလောက်
ကြက်သား - ဟင်းဇွန်းတစ်ဇွန်း
ငါးလုံး - ၅လုံး
ငုံးဥ - ၅လုံး
ဟင်းစပ်ပစ္စည်း
********
ကြက်သွန်ဖြူ ဆီချက် - တစ်ဇွန်း စားပွဲတင်ဇွန်း
နှမ်းနဲ့ဟွားကျောက်ဆီချက် - တစ်ဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ငရုပ်သီးဆီချက် -တစ်ဇွန်း
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
သကြား - တစ်ဇွန်း
ကြက်သားမှုန့် - တစ်ဇွန်း
ချဉ်စပ်ပဲငပိအနှစ် (မာလာအနှစ်) - တစ်ဇွန်း
ကြက်ပြုတ်ရည် အနည်းငယ်
ပြုလုပ်နည်း
*******
(၁)ဟင်းစပ်ပစ္စည်းများအားလုံးကို အိုးတခုတွင်ထည့်ပြီးအပူပေးပါ ။ (၂)ကြက်သား၊ငုံးဥ၊ငါးလုံး၊ခေါက်ဆွဲနှင့်သီးနှံတို့ကိုသီးသန့်ရေနွေးဖျောပါ။
(၃)ပြီးလျှင်တည်ထားသောဟင်းရည်ထည်းသို့ပြောင်းထည့်ကာတပွက်ဆူအရသာဝင်အောင်တည်ပြီးအရသာအပေါ့ငံမြည်းကာ သုံးဆောင် နိုင်ပါပြီ ။
မှတ်ချက် ။။
နှမ်းနှင့်ဟွားကျောက်ဆီချက်ပြုလုပ်နည်းမှာ နှမ်းလှော်တစ်ပန်ကန်လုံးကိုထောင်းပြီးကြွေပန်းကန်တခုတွင်ထည့်ပါ။ကြိတ်ပြီးသားဟွားကျောက်မှုန့်တစ်ဇွန်းကိုရောထည့်ပါ။မီးဖိုတွင်ဆီတစ်ပန်းကန်လုံးစာကိုအပူပေးပါ။တော်တော်ပူလာပါကနှမ်းဟွားကျောက်အရောပန်းကန်ထည်းသို့လောင်းထည့်ပြီး၅မိနစ်ခန့်အဖုံးအုပ်ထားပေးပါ။
မှတ်ချက် ။ ။
မည်သူမဆို Shareကိုနှိပ်လျက်ခွင့်မတောင်းဘဲလွတ်လပ်စွာ မျှဝေ နိုင်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ်Share ခြင်းမှအပ မိမိ Page များ အတွက်အသုံးပြုရန်ကူးချခြင်းများပြုလုပ်လိုလျှင်ကြို တင်ခွင့် တောင်းပါရန်အသိပေးအပ်ပါတယ်ရှင်။
http://sofiafoodparadise.blogspot.com

No comments:

Post a Comment