Monday, August 24, 2015

" မုန့်ဆပ်သဖူး – ၅ ခု"

" မုန့်ဆပ်သဖူး – ၅ ခု"
မြန်မာ၊ ထိုင်း၊ ဗီယက်နမ် လူမျိုများ စားလေ့ရှိသော သရေစာမုန့်လေးဖြစ်သလို အိန္ဒိနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော Assam ဒေသရှိ Assamese များ၏ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပါတယ်။ Assamese များက ဌာပနာအဖြစ် အုန်းယိုမသုံးပဲ နှမ်းမဲလှော်ထောင်း နှင့် ထောင်း (သို့) ချေထားသော ကြံသကာကို ရောထည့် သုံးလေ့ရှိကြပါတယ်။
ညအိပ်ရေစိမ်ထားသော ကောက်ညှင်းဆန်ကို အခြောက်ကြိတ်ပြီး သုံးရပေမယ့် ကျွန်မကတော့ ဆန်မှုန့်ကိုပဲ သုံးပြီး လုပ်ထားပါတယ်။
မီးအပူရှိန် အရေးပါသလို၊ ရေပါဝင်မှု အနည်းအများ အဓိကကျသောကြောင့် ကောက်ညှင်းမှုန့် နှင့် ရေကို တိတိကျကျ ချိန်တွယ်ပြီး လုပ်ပေးစေချင်ပါတယ်ရှင်။
***... အုန်းနို့ဖြင့်ထိုးသော အုန်းယို အတွက် လိုအပ်တာလေးတွေ…
1. palm sugar (ထန်းလျက်) – 100 g
2. အုန်းနို့ – 1/4 cup (60 ml)
3. ဆား – 1/8 tsp
4. ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
#. palm sugar နှင့် အုန်းနို့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
#. palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)
#. အရည်စေးစေးပစ်ပစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယို ပိုပြီးစားကောင်းစေရန် အရမ်းခြောက်ကပ်သွားအောင် မကျိုရပါ။
အုန်းယိုအများကြီး မလိုအပ်ပေမယ့် မုန့်အမျိုးမျိုးလုပ်ရာတွင် အသုံးပြုနိုင်သည့်အတွက် ပိုပြီးထိုးထားခြင်းဖြစ်ပါတယ်။
ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိုင်ပါသည်။ သိမ်းထားသော အုန်းယိုကို ပြန်မသုံးခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ပြီးမှ သုံးပါ။
***... မုန့်ဆပ်သဖူး လုပ်ရန် လိုအပ်တာလေးတွေ
1. ကောက်ညှင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁၀ ဇွန်း
2. ဆား – အနည်းငယ်
3. ရေ – ထမင်းစားဇွန်း ၃ ဇွန်း + လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. အုန်းယို – လက်ဖက်ရည်ဇွန်း ၅ ဇွန်း
#. ကောက်ညှင်းမှုန့် နှင့် ဆား အရောအနှောထဲ ရေ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖြန့်ပြီးထည့်ကာ လက်ချောင်းထိပ်များဖြင့် ဖိချေနယ်ပေးပါ။ (၂ မိနစ်ခန့်)
#. အတော်လေးနှံ့အောင် နယ်ပြီးလျှင် ကျန်သည့်ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဖြန့်ထည့်ကာ စလုံးစခုဖြစ်နေသည်များ တတ်နိုင်သမျှကြေသွားအောင် လက်ချောင်းထိပ်များဖြင့် ထပ်ပြီးဖိချေပေးပါ။ (၈ မိနစ်ခန့်)
#. စလုံးစခု အများကြီးကျန်ပါက ဇကာချလိုက်သော်လည်း ခပ်ပွပွ ကောက်ညှင်းမှုန့်များမဖြစ်ပဲ ရေဖြင့်လုံးနေသည့် အလုံးသေးသေးလေးများဖြစ်သွား၍ မုန့်လုပ်သောအခါ ပျော့ပြီးစိုနေသော မုန့်သား ဖြစ်သွားတတ်ပါတယ်။
#. စလုံးစခု တတ်နိုင်သမျှ မကျန်အောင်ချေပြီးလျှင် လက်ဖြင့် ပွတ်တိုက်ကာ ဇကာချပေးပါ။
#. ဇကာချပြီးပါက အောက်ပုံပါအတိုင်း အနည်းငယ်စိုထိုင်းနေသော ခပ်ပွပွအမှုန့်များရပါမယ်။
#. medium heat ဖြင့် အပူပေးထားသော ဒယ်ပြားထဲ လက်ကိုရေအနည်းငယ်စွတ်ကာ ဖြန်းထည့်ကြည့်ပါ။
#. ဖျစ်ဖျစ်မြည်ပြီး ရေစက်လေးများ ချက်ချင်း ပျောက်သွားပါက ဒယ်ပြားအပူရှိန် မှန်ပြီဖြစ်သောကြောင့် ကောက်ညှင်းမှုန့် ၅ ပုံ ၁ ပုံခန့်ကို လက်ဖြင့် ခပ်ဖွဖွကိုင်ပြီး အိုးအလယ်ထဲ ထည့်ပါ။
#. ပြီးလျှင် အောက်ပုံပါအတိုင်း လက်ချောင်းများဖြင့် ခပ်ဖွဖွ ဖြန့်ပြီး ဖိပြားပေးပါ။
အကျက်မြန်ပြီး၊ ကျက်သည်နှင့် ဖြန့်၍ မရတော့သောကြောင့် မြန်မြန်ပြားပေးရပါမယ်။
ဖြန့်ပြီး ဖိပြားရာ၌ မပြတ်ထွက်အောင် သတိထားရပါမယ်။
#. ဖြန့်ပြီးသည်နှင့် အုန်းယို (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်) ကို ခပ်ရှည်ရှည် အချောင်းလေးလုပ်ပြီး မုန့်အလယ်တွင် ထည့်ပေးပါ။
#. ထည့်ပြီးသည်နှင့် ဇွန်းထိပ်လေးဖြင့် မ ကာ၊ လက်ဖြင့် ကိုင်ပြီး ခပ်သာသာခေါက်ပေးသွားပါ။
#. ခေါက်ပြီးသွားသော မုန့်ကို ပန်းကန်ထဲပြောင်းထည့်ပြီး၊ ဒယ်အိုးတွင် ကျန်နေသော အမှုန့်များအား ရေအနည်းငယ်စိုနေသော အဝတ်စဖြင့် သုတ်ဖယ်ပေးပါ။
#. အိုးပြန်ပူလျှင် နောက်ထပ်မုန့်တစ်ခု ဆက်လုပ်ပေးပါ။

No comments:

Post a Comment