Sabeedar Sofee added 5 new photos.
11 hrs ·
ဖက်ထုပ်ပေါင်းအစာနဲ့ဖက်ထုပ်အရွက်လုပ်နည်း။
**********************************
ပါဝင်သောပစ္စည်းများ။
*****************
**********************************
ပါဝင်သောပစ္စည်းများ။
*****************
၁။ပုဇွန်ထုပ်-၄၀၀ဂရမ်(400 grams of small or medium size prawns)
၂။ကြက်သားစင်းကော-၁၀၀ဂရမ်(100 grams of minced chicken.
၃။ကြက်သွန်မိတ်-၂ပင်(2 sprigs of spring onion)
၎။ကြက်ဥအကာ-၃၀ဂရမ်(30 grams of egg white)
၅။ပဲငံပြာရည်အကြည်-၁ဇွန်း(1 tablespoon of light soya sauce)
၆။နှမ်းဆီ/ဟင်းသီးဟင်းရွက်ဆီ-၁ဇွန်း (1 tablesspoon of sesame oil or vegetables oil)
၇။ဆား-အနည်းငယ်(Pinches of salt)
၈။ကြက်သွန်နီ-၁လုံး(1 onion of chopped)
၉။ချင်း-၁ဇွန်း( 1 teasspoon of ginger)
၁၀။ကြက်သွန်ဖြူ -၂တက်(2 cloves chopped of galic)
၁၁။ငရုပ်ကောင်းမှုန့်အဖြူ -အနည်းငယ်(Dashes of white pepper)
၁၂။သကြား-၁ဇွန်း(1 teaspoon of sugar)
၁၃။ဂေါ်ဖီထုပ်-၃,၄ရွက်။
၁၄။ကြာဇံပြုတ်-၅၀ဂရမ်
ပြုလုပ်ပုံ။
*******
ဒယ်အိုးထဲနှမ်းဆီ၁ဇွန်းထည့်ပြီးမီးအပူရှိန်လျှော့ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ချင်းတို့ကိုဆီသတ်ပါ။ပြီးနောက်ပုဇွန်၊ကြက်သားစင်းကောတို့ကိုထည့်ပြီးအရည်ခြောက်အောင်ကြော်ပါ။ငရုပ်ကောင်းမှုန့်၊ဆား၊ပဲငံပြာရည်အကြည်၊သကြားတို့ထည့်ပြီးမီးပိတ်လိုက်ပါ။ဒယ်အိုးကိုမီးဖိုပေါ်ကမချသေးဘဲဂေါ်ဖီထုပ်၊ကြက်သွန်မိတ်၊ကြာဇံပြုတ်၊ကြက်ဥအကာ
တို့ကိုပါးပါးလှီးထည့်ပြီးရောမွှေပေးပါ။အပေါ့အငံမြည်းပြီးဖက်ထုပ်အစာကိုဇလုံထဲထည့်ပြီးအအေးခံထားပါ။
ဖက်ထုပ်အစာကိုမကြော်ဘဲအစိမ်းအတိုင်းနှယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပြီးဖက်ထုပ်လုပ်လို့ရပါပြီးရှင့်။

ဖက်ထုပ်အရွက်လုပ်နည်း။
*******************
*******************
၁။ဂျုံနု-၁၅၀ဂရမ်(150 grams of wheat starch
၂။အာလူးမှုန့်-၅၀ဂရမ်(50 grams of potatoes starch)
၃။ရေနွေးပူပူ(130 grams or ml of hot boiling water)
၎။ဆား- ၁ဇွန်း(1 teaspoon of salt)
၂။အာလူးမှုန့်-၅၀ဂရမ်(50 grams of potatoes starch)
၃။ရေနွေးပူပူ(130 grams or ml of hot boiling water)
၎။ဆား- ၁ဇွန်း(1 teaspoon of salt)
ပြုလုပ်ပုံ။
******
******
ဂျုံနု၊အာလူးတို့ကိုဇလုံကြီးထဲထည့်ထားပါ။ရေနွေးကိုဆားထည့်ပြီးဆူးအောင်တည်ထားပါ။ဂျုံနု၊အာလူးဇလုံထဲကိုရေနွေးပူပူလောင်းထည့်ပြီးတူနှစ်ချောင်းနဲ့မွှေပေးပါ။အရမ်းမပူတော့ရင်လက်ကိုဆီသုတ်ပြီး(၁၅)မိနစ်ခန့်ချောအောင်နှယ်ပြီးအလုံးကလေးတွေလုံးထားပါ။
မုန့်အားလုံးလုံးလို့ပြီးရင်လှိမ့်တုံးနဲ့ဖြန့်အောင်လှိမ့်ပြီးမုန့်တခုစာအရွယ်ရအောင်အဝိုင်းလေးတွေဖြန့်ပြီးပလပ်စတစ်နဲ့အုပ်ထားပါ။မုန့်ကိုဖြန့်လှိမ့်ပြီးမုန့်သားအဝိုင်းတညီထဲရချင်ရင်ပုံစံအဝိုင်းဖိချလို့ရမဲ့အရာတခုခုကိုအသုံးပြု ပြီးလုပ်နိုင်ပါတယ်။ပုံတွင်ပြထားတဲ့ဗူးအဖုံးနဲ့လည်းလုပ်လို့ရပါတယ်။
ဖက်ထုပ်အစာသွပ်ပုံ။
***************
ဖက်ထုပ်ရွက်တခုကိုယူပြီးတခြမ်းကိုအတွန်၆ခုလောက်တွန့်ခေါက်လေးလုပ်ပြီးအစာထည့်ပြီးအနောက်ခြမ်းနဲ့ကပ်ပြီးအနားသားတွေကိုဖိပေးရင်ဖက်ထုပ်ဖြစ်ပါပြီး။အားလုံးထုပ်လို့ပြီးရင်ပေါင်းအိုးရေနွေးကိုကြိုတည်ထားပါ။ရေနွေးဆူရင်ဖက်ထုပ်ကိုပေါင်းအိုးဇကာထဲစီထည့်ပြီ(၁၀)မိနစ်ခန့်ပေါင်းပေးပါ။မုန့်အသားတွေကြည်သွားရင်ဖက်ထုပ်ပေါင်းကျက်ပါပြီး။

ဖက်ထုပ်နဲ့စားတဲ့ဆော့စ်
*****************
၁။ငြုပ်ဆီ-၂ဇွန်း(2 tablesspoons chilli sauce).
၂။ပဲငံပြာရည်အကြည်-၁ဇွန်း(1 tablespoon light soya sauce.
၃။ငြုပ်သီးစိမ်း-၃,၄တောင့်(Green chilli chopped)
၎။သံပုရာရည်-၁ဇွန်း(1 tablespoon lime liquid )
၅။နှမ်းဆီ-၁ဇွန်း(1 teaspoon of sesame oil)

၆။သကြား-၁ဇွန်း(1 teaspoon of sugar)
၇။ဆား-အနည်းငယ်(1/2 Salt )
၁ဆော့လုပ်မဲ့ပန်ကန်လုံးထဲကိုပါဝင်သောပစ္စည်း(၇)မျိုးကိုထည့်ပြီးနံ့အောင်မွှေပေးပါ။အပေါ့အငံမြည်းပြီးဆော့ချဉ်ငံစပ်ကိုဖက်ထုပ်ပေါင်းနဲ့အရသာရှိရှိသုံးဆောင်နိုင်ပါပြီးရှင့်။
မှတ်ချက်။Reday make ဖက်ထုပ်အရွက်လုပ်တဲ့ဂျုံစပ်ပြီးသားဝယ်ရလွယ်ရင်အသုံးပြုနိုင်ပါတယ်။ပုဇွန်ကိုမကောဘဲအကောင်လိုက်ထည့်နိုင်ပါတယ်။ကြက်သားနဲ့တမျိုးထဲနဲ့လည်းလုပ်လို့ရပါတယ်။ပုဇွန်းသက်သက်နဲ့လည်းလုပ်နိုင်ပါတယ်။အာလူးမှုန့်အစားပီလောပီနံကော်မှုန့်ကိုအသုံးပြုနိုင်ပါတယ်။

No comments:
Post a Comment