Monday, August 24, 2015

ဖက်ထုပ် ( Pot Stickers) လုပ်နည်းသိချင်သူတွေ အတွက်

ဖက်ထုပ် ( Pot Stickers) လုပ်နည်းသိချင်သူတွေ အတွက်
ပါဝင်သောပစ္စည်းများ
1. ၀က်သား ၂၀၀ ဂရမ် (အဆီမပါ)
2. ပုဇွန် ၆ ကောင်
3. ကြက်သွန်နီ တခြမ်း (လေးထောင့်တုံးလေးတွေလှီးထားပါ)
4. မုန်ညှင်းဖြူထုတ် ၁ ရွက်(လေးထောင့်တုံးလေးတွေလှီးထားပါ)
5. သကြား ၁/၄ tsp
6. ပဲငံပြာရည် အကြည် ၂ tsps
7. ငရုတ်ကောင်းမှုန့် အနည်းငယ် (အနံ့ရရုံလေးသာထည့်ပါ)
8. ကြက်ဥအကာ တ၀က်
9. ကြက်သွန်ဖြူ ၂ မွှာ
10. ပြောင်းကော်မှုန့် ၁ ၁/၂ T
11. ကြက်သွန်မြိတ် ၂ ပင် (လှီးထားပါ)
12. ဆား အနည်းငယ်
13. ရေ ၂ tsps
14. နှမ်းဆီ ၁/၄ tsp
15. Hoisin sauce ၁ tsp
16. ဖက်ထုပ်ခွံ ၃၀- ၄၀ ရွက်
ပြုလုပ်ပုံ
1. ပုဇွန်ကို ၀က်သားနဲ့ ရောပီး တုတ်တုတ်စင်းပါ။
2. ဇလုံ တခုထဲမှာ ( နံပါတ် ၁၆ ကလွဲပီး) အထက်ပါပစ္စည်းတွေထည့်ပြီး တူနဲ့ တစ်ဖက်တည်းကိုဘဲ စီးလာတဲ့ အထိမွှေပါတယ်။ စီးသွားပီဆိုရင် နာရီဝက် တစ်နာရီလောက် ရေခဲသေတ္တာ ခဲတဲ့ အထပ်မှာ နှပ်ထားပါတယ်၊
3. အချိန်ပြည့်တဲ့ အခါ လက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက် ကော်ပြီး တော့ ဖက်ထုပ်ဖက်ရဲ့ အလယ်မှာ ပုံပါ။
4. ဖက်ထုတ်ခေါက်နည်းကို ဗီဒီယို သီးသန့် တင်ထားပါတယ်..။
5. ဖက်ထုတ်လေးတွေ လိုသလောက် လုပ်ပီးသွားရင် ဒယ်အိုးပြားထဲမှာ ရေကို ၁ လက္မ အနက် လောက်ထည့်၊ အဖုံးဖုန်းပီး ပြုတ်ထားပါ၊ ရေခမ်းသွားတဲ့အခါ ဆီ အနည်းငယ်ထည့်ပါ၊ အောက်ခြေ ရွှေအိုရောင် ပြောင်းသွားရင်ဆယ်ပီး ပူပူနွေးနွေး ကြွတ်ကြွတ် အိအိလေး သုံးဆောင်ပါ။
6. ခေါက်ထားတဲ့ ဖက်ထုတ်လေးတွေကို ရေခဲသေတ္တာထဲမှာ အခဲခံပီး သိမ်းထားနိုင်ပါတယ်.။
T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီလီတာ
tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီလီတာ
C = cup= ၂၃၀ မီလီလီတာ
gm= ဂရမ် ( ၈၀ ဂရမ်= ၅ ကျပ်သား ခန့်မှန်းချေ )
ml= မီလီလီတာ
ဖက်ထုပ် ( Pot Stickers) လုပ်နည်းသိချင်သူတွေ အတွက် MeeMee Tofu page မှကူးယူဖော်ပြပေးလိုက်ပါတယ်
Photos credit and thanks to Meemee Tofu and original uploaders

No comments:

Post a Comment