Chicken Mo Mo (Indian Style)
******************************
******************************
မိုမိုဆိုတာ တကယ်တော့ ဖက်ထုပ်ပါပဲ။ ဒါပေမယ့် တရုတ်တို့ ထိုင်းတို့က ဖက်ထုပ်ပုံစံနဲ့ အရသာကွာပြီး ကျမကတော့ မိုမိုကို ပိုကြိုက်ပါတယ်။ မိုမိုရဲ့ originက နီပေါကပါ။ India Nepal Tibet စတဲ့ နိုင်ငံတွေမှာ မိုမိုက popular ဖြစ်တဲ့ streetfood တစ်မျိုးပါ။ သူ့ကို ကြက်သားနဲ့ လည်းလုပ်လို့ရသလို သက်သက်လွတ်လည်း လုပ်စားလို့ရပါတယ်ရှင့်။ ကဲ စကြမယ်နော် ....
လိုအပ်သောပစ္စည်းများ
****************
- အသားချည်းတောက်တောက်စင်းထားသော ကြက်သားအနည်းငယ်
- ဂေါ်ဖီတောက်တောက်စင်း
- ကြက်သွန်နီတောက်တောက်စင်း
- မုန်လာဥနီတောက်တောက်စင်း သို့မဟုတ် ညက်အောက်ခြစ်ခထားသော မုန်လာဥနီ (optional)
- Chinese Chive (optional)
- အသင့်လုပ်ဖက်ထုပ်ရွက်များ
- ကြက်သွန်ဖြူ ချင်း အရောထောင်း
- မဆလာ
- ငရုတ်အရောင်တင်မှုန့်
- ခရမ်းချဉ်သီးအမှည့် ၂ လုံး
- ငရုတ်ခြောက်တောင့် ၁၀ တောင့်
****************
- အသားချည်းတောက်တောက်စင်းထားသော ကြက်သားအနည်းငယ်
- ဂေါ်ဖီတောက်တောက်စင်း
- ကြက်သွန်နီတောက်တောက်စင်း
- မုန်လာဥနီတောက်တောက်စင်း သို့မဟုတ် ညက်အောက်ခြစ်ခထားသော မုန်လာဥနီ (optional)
- Chinese Chive (optional)
- အသင့်လုပ်ဖက်ထုပ်ရွက်များ
- ကြက်သွန်ဖြူ ချင်း အရောထောင်း
- မဆလာ
- ငရုတ်အရောင်တင်မှုန့်
- ခရမ်းချဉ်သီးအမှည့် ၂ လုံး
- ငရုတ်ခြောက်တောင့် ၁၀ တောင့်
Chilli Tomatoes Chutney
*************************
- ငရုတ်ခြောက်တောင့်များကို အစေ့ထုတ်ပြီး ၃ နာရီခန့် ရေစိမ်ထားပါ
*************************
- ငရုတ်ခြောက်တောင့်များကို အစေ့ထုတ်ပြီး ၃ နာရီခန့် ရေစိမ်ထားပါ
- ရေစင်စင်ဆေးထားတဲ့ ခရမ်းချဉ်သီးနှင့် ငရုတ်ခြောက်ရေစိမ်များကို ရေအနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ
- ခရမ်းချဉ်သီးများပျော့အိနွမ်းကျသွားလျှင် မီးဖိုပေါ်မှချပြီး ခဏအအေးခံထားပါ
- အေးသွားလျှင် ကြက်သွန်ဖြူ ချင်းအနည်းငယ်ကို ငရမ်းချဉ်သီးပြုတ်ရည်နှင့်ရောပြီး Blender ထည့်မွှေပေးပါ
- ဆား သကြား ရှာလကာရည်အနည်းငယ်စီထည့်ပြီး ထပ်မွှေပေးပါ
- ဆား သကြား နဲ့ ရှာလကာရည် များများလေးထည့်မှ အရသာကပိုကောင်းပါတယ်
မိုမိုပြုလုပ်ပုံ
********
********
- ကြက်သားတောက်တောက်စင်းများကို ညက်အောင်စင်းထားတဲ့ ကြက်သွန်နီ မုန်လာဥနီ ဂေါ်ဖီ chives များဖြင့်သမအောင်ရောနယ်ပေးပါ
- ငရုတ်အရောင်တင် နံနွင်း မဆလာ ဆား သကြား နှမ်းဆီအနည်းငယ် ကြက်သွန်ဖြူချင်းအညက်ထောင်းများပါ ရောထည့်ပြီး သမအောင်နည်ပေးပါ
- ကြက်သားအနှစ်များကို အသင့်လုပ်ဖက်ထုပ်ရွက်များဖြင့် ထုပ်ပိုးပြီး ဆယ်မိနစ်ခန့် steamer ဖြင့် ပေါင်းပေးပါ
- ပေါင်းအိုးမှာ မိုမိုများမကပ်အောင် ဆီအနည်းငယ် သုပ်လိမ်းပြီးမှ ထည့်ပါ
- ဆယ်မိနစ်ခန့် ပေါင်းပြီးလျှင်တော့ အရသာရှိလှတဲ့ မိုမိုကို ချဉ်ငံစပ်ဆောစ့်လေးနဲ့ ပူပူနွေးနွေးလေး စားလို့ရပါပြီရှင့်
မိုမိုလုပ်မယ့် အရွက်များက ကိုယ်တိုင်လုပ်လျင် ပိုကောင်းပါတယ်ရှင့်။ ဒါပေမယ့် အလုပ်များသူတွေအတွက်တော့ အသင့်လုပ်ပြီးသား ဖက်ထုပ်အရွက်များကလည်း အဆင်ပြေပါတယ်။ မဆလာကိုလည်း Momo Masala ထည့်နိုင်ရင် ပိုကောင်းပ်ါတယ်ရှင့်။ အရသာရှိလှတဲ့ မိုမိုလေး လုပ်စားပြီး အရှေ့တိုင်းဒေသရဲ့ အစားအသောက်များကို ခံစားကြည့်ကြပါစို့နော်။
Have a good evening !

No comments:
Post a Comment