Kyaing Tong added 25 new photos from 2015 to the album: Thai Papaya Salad (ယိုးဒယားသင်္ဘောသီးထောင်း) — in Kyaing Tong.
ယိုးဒယားသင်္ဘောသီးထောင်းလုပ်နည်းသိချင်သူတွေအတွက်ပါ smile emoticon
ယိုးဒယားသင်္ဘောသီးထောင်းကတော့ လုပ်နည်းကလွယ်ကူပါတယ်!!
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ အရင်ထောင်း
ပြီးရင် ပုဇွန်ခြောက်ထည့် ထန်းလျက်ဖြစ်ဖြစ်သကြားဖြစ်ဖြစ်ရပါတယ် ရောပြီးထည့်ထောင်း
ပြီးရင်မြေပဲဆံရယ် ငပိ အနည်းငယ်ရယ်ရောထောင်း
ခရမ်းကြွပ်သီးကြိုက်ရင်ထည့်နိုင်ပါတယ်
ပြီးရင် ပဲတောင့်ရှည်ရှိရင်ကြေရုံလေးထုထောင်းပြီး သံပုရာသီးတလုံးအရည်ညှစ်ထည့်ပါ

မကျည်းမှည့်ရှိရင်လဲထည့်လို့ရပါတယ် ပိုကောင်းတာပေါ့နော်
ပြီးရင်ငံပြာရည်ထည့်ပါ သကြားနည်းနည်းပါထည့်ပေးပါ မချိုမချဉ်လေးပေါ့နော်
ပြီနောက်ခရမ်းချဉ်သီးပါတခြမ်းကိုစိပ်ထည့်ပြီး ထောင်းပြီး အရသာမြည်းကြည့်လို့အဆင်ပြေပြီဆိုရင် အဆင်သင့်ခြစ်ထားတဲ့သင်္ဘောသီးထည့်ပြီးအထက်အောက်
နည်းနည်းလှန်လှောပြီးထောင်းပြီးရင်နှံ့သွားရင် ရပါပြီ နောက်ဆုံးမှာမှ မြေပဲဆံပုဇွန်ခြောက်လေးဖြူးပြီးရင် အရသာရှိလှတဲ့ ယိုးဒယားသင်္ဘောသီးလေးရပါပြီရှင် smile emoticon
ကျိုင်းတုံမှာတော့အလွယ်တကူဝယ်စားနိုင်ပါတယ် အဝေးရောက်နေသူတွေ ဝယ်စားဖို့မလွယ်ကူသူတွေကတော့ ကိုယ်တိုင်ကြိုးစားပြီးလက်တည့်စမ်းကြည့်ကြရအောင်ပေါ့နော့ grin emoticon

No comments:
Post a Comment