ပုစွန်လှော်သခွားသီးစပ်စပ်သုပ် smile emoticon
ပြုလုပ်နည်း
ပုစွန်ဘော့ချိတ် ၁၅ကျပ်သား
သခွားသီး(ကြီး) ၁လုံး
ပုစွန်ခြောက်မှုန့် စားပွဲတင်ဇွန်း၂ဇွန်း
ငရုတ်သီးစိမ်း ၂၀တောင့်
သံပုရာသီး ၁လုံး
ပင်စိမ်းရွက် ၁စည်း
ပုစွန်ဘော့ချိတ် ၁၅ကျပ်သား
သခွားသီး(ကြီး) ၁လုံး
ပုစွန်ခြောက်မှုန့် စားပွဲတင်ဇွန်း၂ဇွန်း
ငရုတ်သီးစိမ်း ၂၀တောင့်
သံပုရာသီး ၁လုံး
ပင်စိမ်းရွက် ၁စည်း
~ပုစွန်များကိုရေဆေး၍ရဲနေအောင်လှော်ပီးအခွံချွတ်ကာမညက်တညက်ကြိတ်ပါ။ငရုတ်သီးစိမ်းများကိုလည်းမညက်တညက်ထောင်း၍ပင်စိမ်းရွက်ကိုပါးပါးလှီးထားပါ
~သခွားသီးကိုအလယ်မှထက်ခြမ်းခွဲကာအလယ်အူတိုင်နှင့်အစေ့များကိုခြစ်ထုတ်ပေးပါ
~ထို့နောက်ရေဆေး၍ပန်းကန်တစ်ခုထဲသို့သခွားသီးများကိုခြစ်ထည့်ကာပုစွန်လှော်ထောင်း ပုစွန်ခြောက်မှုန့် ငရုတ်သီးစိမ်း ပင်စိမ်းရွက် သံပုရာရည် အရသာမှုန့် ဆားတို့ထည့်၍ဖွဖွလေးနယ်ပေးပါ
~အရသာစိတ်ကြိုက်ဖြစ်လျှင်ပန်းကန်တစ်ခုထဲသို့ပြောင်းထည့်၍စားလို့ရပါပီ

No comments:
Post a Comment