Saturday, June 6, 2015

ဂျပန်တို့ဟူးသီးစုံထမင်းပေါင်း

ဂျပန်တို့ဟူးသီးစုံထမင်းပေါင်း
ဂျပန်တို့ဟူး ၃ထုပ်
ကညွတ် ၂ချောင်း
မုန်လာဥနီ အနည်းငယ်
ပြောင်းဖူးစေ့ အနည်းငယ်
ရှီတာကီမှိုခြောက် ၃ခု
ကြက်သွန်ဖြူ ၅မွှာ
ဆီ စားပွဲတင်ဇွန်း၃ဇွန်း
၁။ဂျပန်တို့ဟူးများကိုမထူမပါးလှီး၍ဆီပူပူတွင်အရောင်ရသည်အထိကြော်ကာဆယ်ပီးစစ်ထားပါ
၂။ရှီတာကီမှိုခြောက်များကိုရေနွေးဖြင့်စိမ်၍ပျော့လာလျှင်အတုံးသေးလေးများလှီးပါ။ကညွတ်နှင့်မုန်လာဥနီကိုလည်းအတုံးလေးများလှီးထားပါ
၃။ဂျပန်တို့ဟူးကြော်ထားသောဆီကိုအပူပြန်ပေးကာကြက်သွန်ဖြူထည့်၍ဆီသတ်ပါ။အနံ့မွှေးလာလျှင်အသီးအရွက်များထည့်၍(၂)မိနစ်ခန့်ကြော်ပေးပါ
၎။ထို့နောက်ဂျပန်တို့ဟူးထည့်၍မွှေပေးပီးအရသာမှုန့် ဆားနှင့်ဆော့စ်အရည်တို့ကိုထည့်ကာကြော်ပေးပါ
၅။ပွက်ပွက်ဆူလာလျှင်ကော်မှုန့်အနည်းငယ်ကိုရေဖျော်၍ထည့်ကာမွှေပီးထမင်းဖြူပေါ်သို့လောင်း၍သုံးဆောင်နိုင်ပါပီ
ဆော့စ်ပြုလုပ်ရန်
Hoisin Sauce. စားပွဲတင်ဇွန်း၁ဇွန်းခွဲ
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
Kikkoman. စားပွဲတင်ဇွန်း၁ဇွန်း
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း၂ဇွန်း
သကြား အနည်းငယ်
ဆား အနည်းငယ်
ရေ စားပွဲတင်ဇွန်း၇ဇွန်း
ပန်းကန်လုံးတစ်ခုထဲတွင်ပါဝင်ပစ္စည်းများအားလုံးရောထည့်၍သမအောင်မွှေထားပါ

No comments:

Post a Comment