Saturday, June 6, 2015

အစုံသုပ်လေးသုပ်စားရအောင်

အစုံသုပ်လေးသုပ်စားရအောင်
ပါဝင်ပစ္စည်းလေးတွေကတော့
~ခေါက်ဆွဲ
~မုန့်ဖတ် 
~ညှပ်ခေါက်ဆွဲ(သို့)နန်းကြီး
~သခွားသီး ကြက်သွန်နီ ဂေါ်ဖီတို့ကိုပါးပါးလှီးထားပါ
~အာလူးကိုပြုတ်၍အခွံခွာပီးလှီးပါ
~ရှောက်ရွက် နံနံပင်တို့ကိုလှီးထားပါ
~တို့ဟူးကိုမထူမပါးလှီးပါ
~ဆန်ကြာဆံပြုတ်ဖို့အတွက်ရေနွေးဆူဆူထဲသို့နနွင်းမှုန့်ထည့်ပါ။ဆူလာလျှင်ကြာဆံထည့်ပီးနူးလျှင်ဆကာတစ်ခုထဲသို့သွန်ချ၍ရေဆေးကာစစ်ထားပါ
~ထမင်းချဉ်ပြုလုပ်ရန်အတွက်ထမင်းကိုဆားအနည်းငယ် ငရုတ်ဆီ(Tan Choon Hwa)ဖြင့်စေးနေအောင်နယ်၍လုံးထားပါ
~သင်္ဘောသီးကိုခြစ်၍ရေခဲရေနှင့်ထုံးအနည်းငယ်ထည့်ဖျော်ထားသောရေထဲသို့ထည့်စိမ်ထားပါ
~ကျောက်ခက်ကိုရေစိမ်၍အမှိုက်များဖယ်ကာသန့်ပါ။ထို့နောက်ရေစစ်၍ညှစ်ချထားပါ
~ပဲပင်ပေါက်ကိုရေနွေးဖျော၍စစ်ထားပါ
~ပဲပြားကိုအချပ်လိုက်လှီး၍ကြော်ကာညှပ်ထားပါ
~ပဲမှုန့်အကျက်ကိုဒယ်အိုးထဲသို့ထည့်၍မီးအေးအေးဖြင့်မွှေးနေအောင်ပြန်လှော်ထားပါ
~ကြက်သွန်နီကိုပါးပါးလှီး၍ဆီများများဖြင့်ဆီချက်ချက်ထားပါ
အချဉ်ပြုလုပ်ရန်
~ထန်းလျက်အနည်းငယ်ကိုရေနွေးပွက်ပွက်ဆူထဲသို့ထည့်၍ကြိုထားပါ။မန်ကျည်းသီးမှည့်ကိုရေနွေးဖြင့်စိမ်၍အနှစ်များကိုစစ်ယူပါ။ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နံနံပင် မန်ကျည်းနှစ်တို့ကိုကြိတ်စက်(blender)ထဲသို့ထည့်၍ညက်နေအောင်ကြိတ်ပါ။ထို့နောက် ငရုတ်ဆီ ထန်းလျက်ရည် အရသာမှုန့် ဆားတို့ကိုလိုသလိုရောစပ်၍သမအောင်မွှေထားပါ။
ဟင်းခါးချက်ရန်
~ရေနွေးဆူဆူထဲသို့ငံပြာရည် အရသာမှုန့် ဆား ကြက်သွန်ဖြူဓားပြားရိုက်ထည့်၍ဆူအောင်တည်ပါ။ဆူပွက်လာလျှင်လှီးထားသောဂေါ်ဖီနှင့်ပဲပင်ပေါက်တို့ကိုထည့်၍မွှေပေးပါ။ဂေါ်ဖီများနူးလျှင်အရသာမြည်း၍စိတ်ကြိုက်ဖြစ်လျှင်ငရုတ်ကောင်းမှုန့်များများလေးခပ်ပီးမီးပိတ်ပေးလို့ရပါပီ
အစုံသုပ်သုပ်ရန်
~ပန်းကန်တစ်ခုထဲတွင်ပါဝင်ပစ္စည်းများကိုနည်းနည်းချင်းစီထည့်၍ကြက်သွန်နီဆီချက် အချဉ်ရည် ပဲမှုန့် အရသာမှုန့် ငံပြာရည်အနည်းငယ် ငရုတ်သီးအလှော်မှုန့်တို့ဖြင့်သမအောင်နယ်၍ဟင်းခါးပူပူလေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment