ငါးကြင်းအချိုပေါင်း
ငါးကြင်း (၅၀)ကျပ်သား
ကြက်သွန်နီ ၁၀လုံး
ကြက်သွန်ဖြူ ၈မွှာ
ချင်း လက်တစ်ဆစ်
ခရမ်းချဉ်သီး ၇လုံး
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၂ဇွန်း
ဆီ စားပွဲတင်ဇွန်း၅ဇွန်း
ကြက်သွန်နီ ၁၀လုံး
ကြက်သွန်ဖြူ ၈မွှာ
ချင်း လက်တစ်ဆစ်
ခရမ်းချဉ်သီး ၇လုံး
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၂ဇွန်း
ဆီ စားပွဲတင်ဇွန်း၅ဇွန်း
ချက်ပြုတ်နည်း.....
~ငါးကြင်းများကိုအတုံးကြီးကြီးတုံး၍ရေဆေးပီးနနွင်းမှုန့် အရသာမှုန့် ဆားတို့ဖြင့်နယ်ထားပါ
~ထို့နောက်ဆီပူပူတွင်မီးများများဖြင့်အပေါ်ယံတင်းရုံကြော်ပါ
~ဟိုဘက်ဒီဘက်လှန်၍ကြော်ပီးလျှင်ဆယ်၍ပေါင်းအိုး(Pressure Cooker)ထဲသို့ထည့်ထားပါ
~ချင်းကိုပါးပါးအရှည်လေးများလှီး၍ကြက်သွန်ဖြူကိုဓားပြားရိုက်ထားပါ
~ငါးကြော်ထားသောဆီထဲသို့ချင်း ကြက်သွန်ဖြူ ကြက်သွန်နီအလုံးလိုက်တို့ကိုထည့်၍ဆီသတ်ပါ
~အနံ့မွှေးလာလျှင်ပဲငံပြာရည်အပျစ်ထည့်၍မွှေပီးမီးပိတ်ကာငါးကြော်များပေါ်သို့လောင်းထည့်ပါ
~အိုးထဲသို့ငါးတုံးများမြုပ်အောင်ရေထည့်၍ခရမ်းချဉ်သီးလေးများကိုအလုံးလိုက်ထည့်ကာအဖုံးအုပ်ပီးမီးအသင့်အတင့်ဖြင့်(၁)နာရီခွဲခန့်ပါင်းပေးပါ
~ထို့နောက်မီးပိတ်၍အအေးခံကာငါးအရိုးလေးများနူးလျှင်ထမင်းဖြူနှင့်တွဲဖက်သုံးဆောင်နိုင်ပါပီ

No comments:
Post a Comment